လေရဟတ်
လေရဟတ်များကို ပါရှားလူမျိုးများရေတင်ရာတွင် အသုံးပြုခဲ့သည်မှာရှေးကာလကပင်ဖြစ်သည်။ ယင်းတို့ကို ပင်လယ်ကမ်းစပ်များ၊ လေတိုက်ခတ်မှုရှိရာအရပ်များတွင် ထားရှိလေ့ရှိသည်။ လေတိုက်ရာမှ တဆင့်စက်မှုစွမ်းအင်ကိုရရှိသည်။ ရှေးအခါက ယင်းတို့ကို ဂျုံကြိတ်ရန်အသုံးပြုခဲ့ကြသည်။ အချို့သောဒေသများတွင်မူ ယင်းကိုရေတင်ရာ၌အသုံးပြုကြသည်။ ယခုအခါတွင်မှု ၎င်းတို့ကို လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရာတွင်အသုံးပြုနေကြပြီဖြစ်သည်။ လေရဟတ်များသည် ပြည့်မြဲစွမ်းအင်ကိုအသုံးပြုကြသည်ဖြစ်၍ Green Energy အဖြစ်လူသိများသည်။